နယူးကာဆယ်အသင်းသည် နော်တင်ဟမ်ဖောရက်စ်အသင်းမှ တောင်ပံကစားသမား အန်တိုနီ အီလန်ဂါကို ပြောင်းရွှေ့ကြေး ပေါင် ၅၅ သန်းဖြင့် အပြီးသတ်ခေါ်ယူလိုက်ပြီဖြစ်သည်။
အသက် ၂၃ နှစ်အရွယ် ဆွီဒင်လက်ရွေးစင်ကစားသမားသည် ပြီးခဲ့သည့်ရာသီ ပရီမီယာလိဂ်တွင် ၃၈ ပွဲ ပါဝင်ကစား ထားပြီး နော်တင်ဟမ်ဖောရက်စ် အသင်းအတွက် ခြောက်ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၁၁ ကြိမ် ပြုလုပ်ထားသည်။ ၎င်းသည် ၂၀၂၃ ခုနှစ်တွင် မန်ယူအသင်းမှ နော်တင်ဟမ်ဖောရက်စ် အသင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသူ ဖြစ်သည်။ နယူးကာဆယ်အသင်းသည် ၂၀၂၅-၂၀၂၆ ရာသီ ပရီမီယာလိဂ်အဖွင့်ပွဲစဉ်အဖြစ် အက်စ်တွန်ဗီလာအသင်းနှင့် ဩဂုတ် ၁၆ ရက်တွင် စတင်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်သည်။
ထို့အပြင် နယူးကာဆယ်အသင်းသည် ပြီးခဲ့သည့်ရာသီတွင် အဆင့်(၅)ဖြင့် ရာသီပိတ်သိမ်းနိုင်ခဲ့သည့် အတွက် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိထားသည့်အသင်းဖြစ်သည်။
မိုးဇက် - စုစည်းရေးသားသည်


