အီးအက်ဖ်အယ်လ်ဖလားပြိုင်ပွဲ (၁၆)သင်းအဆင့် ပြိုင်ပွဲတွေ ယှဉ်ပြိုင်ကစားပြီးချိန်မှာ လက်ရှိ ချန်ပီယံ နယူးကာဆယ်အသင်းနဲ့ အာဆင်နယ်အသင်းတို့ဟာ ပြိုင်ဘက်အသင်းအသီးသီးကို အနိုင်ရရှိပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။
အောက်တိုဘာ ၂၉ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ အီးအက်ဖ်အယ်လ်ဖလား (၁၆)သင်း အဆင့်ပွဲစဉ်မှာ နယူးကာဆယ်အသင်းက စပါးအသင်းကို နှစ်ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့သလို အာဆင်နယ်အသင်းကလည်း ဘရိုက်တန်အသင်းကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
အခြားသောပွဲစဉ်တွေမှာတော့ ခရစ္စတယ်ပဲလေ့စ်အသင်းက လီဗာပူးအသင်းကို သုံးဂိုး-ဂိုးမရှိ၊ မန်စီးတီးအသင်းက ဆွမ်ဆီးအသင်းကို သုံးဂိုး-တစ်ဂိုး၊ ချယ်လ်ဆီးအသင်းက ဝုလ်ဗာဟမ်တန်အသင်းကို လေးဂိုး-သုံးဂိုး စသဖြင့် အသီးသီးအနိုင်ရရှိကာ အီးအက်ဖ်အယ်လ်ဖလား ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။
အီးအက်ဖ်အယ်လ်ဖလား ကွာတားဖိုင်နယ်အဆင့်မှာ လက်ရှိချန်ပီယံနယူးကာဆယ်အသင်းက ဖူလ်ဟမ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အာဆင်နယ်အသင်းကတော့ လက်ရှိ အက်ဖ်အေဖလား ချန်ပီယံခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာလည်း ဖြစ်ပါတယ်။
အခြားပွဲစဉ်တွေမှာ ကာဒစ်စီးတီးအသင်းက ချယ်လ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အီးအက်ဖ်အယ်လ်ဖလားကို ရှစ်ကြိမ်ဆွတ်ခူးထားတဲ့ မန်စီးတီးအသင်းကတော့ ဘရန်းဖို့ဒ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
အီးအက်ဖ်အယ်လ်ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်တွေကို ဒီဇင်ဘာ ၁၅ ရက်မှာ ကျင်းပမှာ ဖြစ်ပါတယ်။
ငွေကြယ်


