မဲဘုန်း အောက်တိုဘာ ၂၂
ဩစတြေးလျနိုင်ငံတွင် အပူလှိုင်းများဖြတ်ခြင်းနှင့် လေပြင်းများတိုက်ခတ်ခြင်းတို့ကြောင့် နိုင်ငံသားများအား သတိပြုနေထိုင်ရန် တာဝန်ရှိသူများက အောက်တိုဘာ ၂၂ ရက်တွင် သတိပေးခဲ့ကြောင်း သိရသည်။ နယူးဆောက်ဝေးပြည်နယ်နှင့် နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းဒေသများတွင် လေပြင်းများတိုက်ခတ်ခဲ့ပြီး ကွင်းစလန်းပြည်နယ်နှင့်နိုင်ငံမြောက်ပိုင်းတွင် အပူလှိုင်းဆိုင်ရာ သတိပေးချက်များ ထုတ်ပြန်ခဲ့သည်။
အရှေ့ကမ်းရိုးတန်းဒေသတွင် အပူချိန် ၃၅ ဒီဂရီဆဲလ်စီးယက်စ်အထိရှိခဲ့ကာ ဆစ်ဒနီနှင့် ပတ်ဝန်းကျင်ဒေသများတွင် လေပြင်းတိုက်ခတ်ခဲ့သဖြင့် မီးလောင်ကျွမ်းမှုကာကွယ်ရေး သတိပေးချက်ထုတ်ပြန်ခဲ့ရသည်။ နယူးဆောက်ဝေးပြည်နယ်ရှိ ဒေသခံများအား သဘာဝဘေးမှ ရှောင်ရှားနိုင်ရေးအတွက် အိမ်ပြင်ပသို့ မထွက်ရန်နှင့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန် ပြည်နယ်ကျန်းမာရေးဝန်ကြီး ရိုင်ယန်ပတ်ဒ်က ပြောကြားသည်။
နယူးဆောက်ဝေးပြည်နယ်နှင့် ကွင်းစလန်းပြည်နယ်တို့တွင် အောက်တိုဘာ ၂၁ ရက်က အပူချိန် ၄၄ဒသမ ၈ ဒီဂရီဆဲလ်စီးယက်စ်နှင့် ၄၆ ဒသမ ၁ ဒီဂရီဆဲလ်စီးယက်စ်အထိ ရောက်ရှိခဲ့ပြီး အောက်တိုဘာ ၂၂ ရက်တွင် လေပြင်းများတိုက်ခတ်ခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ


