ရန်ကုန် ဩဂုတ် ၁၇
ဩဂုတ် ၂၂ ရက်တွင် ထိုင်းနိုင်ငံ ၌ကျင်းပမည့် ONE Friday Fights 121 ပြိုင်ပွဲတွင် မြန်မာဖိုက်တာ သွေးလင်းထက် တွဲဆိုင်းပါဝင်လာမည်ဖြစ်သည်။
သွေးလင်းထက်သည် ယင်းပြိုင်ပွဲတွင် Co-Main Event ထိုးသတ်ရမည်ဖြစ်ပြီး ထိုင်းဖိုက်တာ ချော့ပရီချာနှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်သည်။ သွေးလင်းထက်သည် ONE နှင့် ငါးပွဲထိုးသတ်ရာ လေးပွဲနိုင် တစ်ပွဲရှုံးနိမ့်ထားပြီး နောက်ဆုံးသုံးပွဲဆက်တိုက် အနိုင်ရထားသူဖြစ်သည်။ ချော့ပရီချာမှာ မူ ONE နှင့် ခြောက်ပွဲထိုးသတ်ထားရာတွင် လေးပွဲနိုင် နှစ်ပွဲရှုံးနိမ့်ထားသည်။ သွေးလင်းထက် သည် နောက်ဆုံးသုံးပွဲအနိုင်ရထားရာတွင် အလဲထိုးနှစ်ပွဲပါဝင်နေရာ ယခုပွဲတွင်လည်း နိုင်ပွဲထပ်မံ ရယူနိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။
သတင်း - မောင်စံကြီး
ဓာတ်ပုံ - ONE


