ရန်ကုန် အောက်တိုဘာ ၁၈

ONE Friday Fights 129 ပြိုင်ပွဲကို အောက်တိုဘာ ၁၇ ရက်က ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ကျင်းပရာ မြန်မာဖိုက်တာ ဟာလိန်းအွမ် (ခ) အောက်ချင်းလေး အနိုင်ရပြီး ထွန်းမင်းအောင် ရှုံးပွဲကြုံတွေ့ ခဲ့သည်။

 

အောက်ချင်းလေးသည် ဂျပန်ဖိုက်တာ တာနစ်ဆုနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး အမှတ်ဖြင့် အနိုင်ရ ခဲ့ခြင်း ဖြစ်သည်။

 

အောက်ချင်းလေးသည် ဒုတိယအချီမှစတင်ကာ လက်ရည်အသာရခဲ့ပြီး ၎င်း၏လက်သီးချက်များ ကြောင့် ပြိုင်ဘက်မျက်နှာ အထိနာခဲ့ရသည်။ ထို့ကြောင့် အမှတ်ဖြင့်ဆုံးဖြတ်ရာတွင် အောက်ချင်း လေး အနိုင်ရခဲ့ခြင်းဖြစ်သည်။ အောက်ချင်းလေးသည် ONE နှင့်ဒုတိယမြောက်ပွဲတွင် ပထမဆုံး နိုင်ပွဲရခဲ့ခြင်း ဖြစ်သည်။

 

Main Event အဖြစ် ထိုးသတ်ရသည့် ထွန်းမင်းအောင် ထိုင်းဖိုက်တာ တန်နွန်ကို ကြိုးစားထိုးသတ် သော်လည်း အမှတ်ဖြင့်အရေးနိမ့်ခဲ့သည်။ ဝါရင့်ဖိုက်တာတန်နွန်က အမှတ်ဖြင့် အသာစီးရအောင် ထိုးနိုင်ခဲ့ပြီး ထွန်းမင်းအောင်အနေဖြင့် ကြိုးစားထိုးသတ်သော်လည်း ရမှတ်ကွာဟမှုကြောင့် အရေး နိမ့်ခဲ့ရခြင်းဖြစ်သည်။

သတင်း-ရှိုင်းထက်ဇော်

ဓာတ်ပုံ-ONE