ရန်ကုန်   အောက်တိုဘာ    ၃၀

နိုဝင်ဘာ ၇ ရက်တွင် ထိုင်းနိုင်ငံ၌ ကျင်းပမည့် ONE Friday Fights 132 ပြိုင်ပွဲတွင် မြန်မာလူငယ်ဖိုက်တာ သန့်ဇင်တွဲဆိုင်း ပါဝင်လာမည်ဖြစ်သည်။

သန့်ဇင်သည် ထိုင်းဝါရင့်ဖိုက်တာ ခွန်ပွန်နွိုင်နှင့် ထိုးသတ်ရမည်ဖြစ်ပြီး ရှုံးပွဲဆက်နေမှုကို ရပ်တန့်ရမည်ဖြစ်သည်။ သန့်ဇင်သည် ONE နှင့် ငါးပွဲထိုးသတ်ထားရာ နှစ်ပွဲနိုင်၊ သုံးပွဲရှုံးနိမ့်ထားပြီး နောက်ဆုံး သုံးပွဲဆက်တိုက် အရေးနိမ့်ထားသဖြင့် ရှုံးပွဲဆက်နေမှုကို ရပ်တန့်နိုင်ရန် ကြိုးပမ်းရမည် ဖြစ်သည်။ ခွန်ပွန်နွိုင်သည် ONE နှင့် ကိုးပွဲထိုးသတ်ထားရာ ခုနစ်ပွဲနိုင်၊ နှစ်ပွဲရှုံးနိမ့်ထားပြီး မြန်မာဖိုက်တာများဖြစ်သည့် ဆွန်ရက်၊ မိုးထက်အောင်တို့ကို အနိုင်ထိုးသတ်ထားသူဖြစ်သည်။

သတင်း - ချစ်ကိုကို

ဓာတ်ပုံ - ONE