ပြင်ဦးလွင် အောက်တိုဘာ ၂၆

 

ပြင်ဦးလွင်- လားရှိုး ကားလမ်းမကြီးအနီးရှိ ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း (BE.FALLS) အား နိုင်ငံတကာအဆင့်မီ အပန်းဖြေ စခန်းတစ်ခုအဖြစ် အဆင့်မြှင့်တင် ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်၍ အနယ်နယ် အရပ်ရပ်မှ လာရောက်လေ့လာ အပန်းဖြေသူများဖြင့် စည်ကား များပြားလျက်ရှိသည်။

 

ယနေ့တွင် ဧည့်သည်ဝင်ရောက်မှု ၂ ဒသမ ၅ သန်း ပြည့်မြောက်ခဲ့ပြီး ထိုသို့ ပြည့်မြောက်သည့် ဧည့်သည်အား အမှတ်တရ ဂုဏ်ပြု လက်ဆောင်ပေးအပ်ခဲ့သည်။

 

အဆိုပါ ဧည့်သည်မှာ ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်မှ ဒေါ်သင်းပပထွန်းဖြစ်ပြီး ပွဲကောက်ရေတံခွန် အပန်းဖြေ စခန်းမှ တာဝန်ရှိသူများက အမှတ်တရအဖြစ် လက်ဆောင် ပန်းစည်း၊  ဂုဏ်ပြု Trophy ၊ အပန်းဖြေစခန်းသို့ တစ်နှစ်စာ အခမဲ့ဝင်ရောက်ခွင့် (Gold Card)နှင့် အမှတ်တရ ဂုဏ်ပြုလက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့သည့်အပြင် ဧည့်သည်နှင့် ပါရှိလာသူများအား အပန်းဖြေစခန်းနှင့်  မှန်တံတား ဝင်ခွင့်၊ Sky Cable Car စီးနင်းမှုနှင့် ဘာဂီစီးနင်း လည်ပတ်ခြင်းများ အခမဲ့  စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်