ပဲခူး အောက်တိုဘာ ၂၉
ပဲခူးမြို့နယ် ကတွင်းခြံကျေးရွာ ကွင်းအမှတ်-၆၃၀န၊ ဦးပိုင်အမှတ်-၅၊ စိုက်ဧက ၃ ဒသမ ၁၀ ဧကရှိ တောင်သူဦးညီညီအောင်၏ အောင်နိုင်တိုးစပါးစိုက်ကွက်အား အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းက စံကွက်ရိတ်သိမ်းပွဲပြုလုပ်သည်။
အခမ်းအနားသို့ ပဲခူးခရိုင်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးနှင့် ခရိုင်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းအောင်ကျော်နှင့် မြို့နယ်အဖွဲ့ဝင်များ၊ ဒေသခံတောင်သူများ တက်ရောက်ကြပြီး အဆိုပါ စိုက်ကွက်ကို စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကအထွက်နှုန်း အစိုအထွက်တင်း ၁၂၇ ဒသမ ၅၀ တင်းနှုန်း၊ အခြောက်အထွက် တင်း ၁၁၄ ဒသမ ၇၅ တင်းနှုန်းထွက်ရှိခဲ့ကြောင်း သိရသည်။
သက်ထက်


