တောင်ငူ ဇူလိုင် ၂၂
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ဇူလိုင် ၂၂ ရက် နံနက်ပိုင်းက တောင်ငူခရိုင်အတွင်း ဒေသအလိုက် စိုက်ပျိုးရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ငှက်ပျောတောကျေးရွာအုပ်စု ဂွေးတောက်ခင် ကျေးရွာရှိ 24 Hours Co., Ltd မှ ရိုဘက်စတာကော်ဖီ စိုက်ပျိုးနေမှုကို ကွင်းဆင်းကြည့်ရှုခဲ့ရာ ရှင်းလင်း ဆောင်၌ နှစ်ရှည်သီဟိုဠ်စိုက်ခင်း ဧရိယာအတွင်း ရိုဘက်စတာကော်ဖီ ဧက ၃၀၀ စိုက်ပျိုးစီမံ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို တသန် ရှိသူများက ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရိုဘက်စတာကော်ဖီသည် ပြည်ပ ဈေးကွက် ရရှိထားပြီးဖြစ်၍ သတ်မှတ်ဧက ပြည့်မီစွာ စိုက်ပျိုးသွားရန် ညွှန်ကြားပြီး ဆက်လက်စိုက်ပျိုးနိုင် ရေး ပျိုးထောင်ထားရှိသည့် ကော်ဖီပျိုးပင်များနှင့် စိုက်ပျိုးပြီး ကော်ဖီပင်များကို လှည့်လည်ကြည့်ရှုသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ သည် ဖြူးမြို့နယ် မင်းကံရိုးကျေးရွာအုပ်စုရှိ မိုးစပါး မျိုးစေ့ထုတ် တစ်ကွင်းတစ်ဆက်တည်း ၂၇ ဧက စုပေါင်းမြေဩဇာကြဲပက်နေမှုနှင့် ပေါင်းမြက်ရှင်းလင်း နေမှုကို ကြည့်ရှုအားပေးပြီး ဒေသခံတောင်သူများ နှင့်တွေ့ဆုံ၍ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက် နှုန်းရရှိရေး မျိုး၊ မြေ၊ ရေ၊ နည်း အခြေခံ(၄)ချက်၏ အရေးပါပုံ၊ သီးနှံစိုက်စွမ်းအား တိုးတက်စေရေး မြေလပ်မရှိ စိုက်ပျိုးသွားရန်၊ သီးထပ်စွမ်းအား တိုးတက်စေရေး ကြိုးစားဆောင်ရွက်ရန်နှင့် ဓာတ်မြေ ဩဇာကို သဘာဝမြေဩဇာနှင့် အချိုးကျတွဲဖက် သုံးစွဲရန် ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ အသိပညာပေးခြင်းများ ပြောကြားပြီး ဒေသခံတောင်သူများအတွက် သွင်းအားစုများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


