နိုဝင်ဘာ ၇

မြောက်ကိုရီးယားနိုင်ငံသည် ပဲ့ထိန်းဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့သည်ဟု ဂျပန်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ၏ သီးသန့်စီးပွားရေးဇုန်အပြင်ဘက်တွင် ကျရောက်ခဲ့သည်ဟု ယုံကြည်ရသော ပဲ့ထိန်းဒုံးကျည်တစ်စင်းကို မြောက်ကိုရီးယားက ပစ်လွှတ်ခဲ့ကြောင်း ဂျပန်ဝန်ကြီးချုပ်က ယနေ့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ ပျက်စီးဆုံးရှုံးမှုပမာဏကို အတည်မပြုရသေးဟု၎င်းက ဆိုသည်။

အဆိုပါ ပဲ့ထိန်းဒုံးကျည်သည် လွန်ခဲ့သောသီတင်းပတ်သုံးပတ်အတွင်း မြောက်ကိုရီးယားနိုင်ငံမှ ဒုတိယအကြိမ်မြောက် ပစ်လွှတ်ခဲ့သော ဒုံးကျည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အောက်တိုဘာလတွင် ပြုံယမ်းက အသံထက်မြန်သော ဒုံးကျည်နှစ်စင်းကို စမ်းသပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ထိုပစ်လွှတ်သောဒုံးကျည်သည် မည်သည့်နေရာတွင် ကျရောက်ခဲ့သည်ကိုမူ အတိအကျမသိရှိရသေးကြောင်း ဖော်ပြထားသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို