ပျော်ဘွယ် ဩဂုတ် ၁၄

 

ပျော်ဘွယ်မြို့နယ်အတွင်းရှိ သမဝါယမအသင်းသားတောင်သူများ စိုက်ပျိုးထားသည့် မိုးကြိုဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းကာ စတင်ခူးဆွတ်နေမှုကို မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများက ဩဂုတ် ၁၂ ရက် ညနေပိုင်းက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

ဦးစွာ သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိရတနာထွန်းက မိုးကြိုဝါများစံနှုန်းပြည့်မီစွာ ထွက်ရှိနိုင်ရန်အတွက် အထူးဂရုပြုရမည့်အချက်များ၊ ယခုဝါများထွက်ရှိချိန်တွင် အသင်းသားတောင်သူများ ဈေးကောင်းရရှိစေရန် ဝါဝယ်ဒိုင်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။

 

မြို့နယ်သမဝါယမဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ မိုးကြိုဝါစိုက်ပျိုးမည့် သမဝါယမအသင်းကိုးသင်းမှ ဝါစိုက်ဧက ၆၀၀ အတွက် B-31 မျိုးစေ့နှင့် သွင်းအားစုများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)