ပေါင် ဒီဇင်ဘာ ၇

 

မွန်ပြည်နယ် ပေါင်မြို့နယ်၌ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပ နိုင်ရေးမဲစာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများအလိုက် တစ်အိမ်တက်ဆင်း မဲဆန္ဒရှင်စာရင်း မှန်ကန်စေရေးနှင့် ကျန်ရှိမှုမရှိစေရေး တိုက်ဆိုင်စစ်ဆေးခြင်းကို ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပညာရေးဌာနဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့တို့က ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။

 

အဆိုပါ မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေး ကွင်းဆင်းဆောင်ရွက်ပေးမှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်း‌အောင်နှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးသည်။

 

ပေါင်မြို့နယ်အနေဖြင့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေးနှင့် ကျန်ရှိမှုမရှိစေရေး တိုက်ဆိုင်စစ်ဆေးခြင်းကို နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၆ ရက်အထိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုအလိုက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။  

 

မွန်မလေး (ပြန်/ဆက်)