ပေါင် ဒီဇင်ဘာ ၈
မွန်ပြည်နယ် ပေါင်မြို့နယ်၌ သမဝါယမအသင်းမှ အသင်းသား တောင်သူများ၏ မိုးစပါးရိတ်သိမ်းနေမှုကို မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများနှင့် အသင်းသားများက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုသည်။
စစ်ဆေးဆောင်ရွက်
ထိုသို့ကြည့်ရှုရာတွင် ပေါင်မြို့နယ် သမဝါယမဦးစီးဌာနမှ မိုးစပါး စီမံကိန်းဆောင်ရွက်နေသည့် သပြေကုန်းကျေးရွာ သပြေမောင် စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမ အသင်းလီမိတက်၏ အသင်းသားတောင်သူ ဦးအောင်ဆန်းဦး၏ လယ်ယာမြေတွင် ဂျပန်ရွှေဝါထွန်း မျိုးစပါးစိုက်ကွက်ကို ရိတ်သိမ်းဆောင်ရွက်ရာ တစ်ဧက အထွက်နှုန်း ၁၀၃ တင်းထွက်ရှိပြီး မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းသင်းယုနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြီးကြပ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)


