ပေါင် ဒီဇင်ဘာ ၁၇

 

မွန်ပြည်နယ် ပေါင်မြို့နယ်၌ သီးနှံများအလိုက် ပန်းတိုင်အထွက်နှုန်း ရရှိမှု ကွင်းဆင်းဆောင်ရွက်ခြင်းကို ဒီဇင်ဘာ ၁၆ ရက်က ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်း၊ ပေါင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စွာလှိုင်နှင့် ဝန်ထမ်းများက ပေါင်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၅ ရွာ၌ ကွင်းဆင်း ဆောင်ရွက်သည်။

 

ထိုသို့ စစ်တမ်းကောက်ယူရာတွင် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းက စစ်တမ်းကောက်ယူရေးနှင့် ပတ်သက်သည့် ရည်ရွယ်ချက်နှင့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးပြီး ကျေးရွာ ၁၅ ရွာရှိ တောင်သူ ၇၀၀ အား ပန်းတိုင်အထွက်နှုန်း တိုးတက်ရေးစစ်တမ်းများ ကောက်ယူခဲ့ကြောင်း သိရသည်။

 

မွန်မလေး(ပြန်/ဆက်)