၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အာမေးနီးယားအသင်းနဲ့ ပေါ်တူဂီအသင်းတို့ စက်တင်ဘာ ၇ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ခြေစစ်ပွဲစဉ်မှာ ပေါ်တူဂီအသင်းက အာမေးနီးယားအသင်းကို ငါးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။
အဲဒီပွဲစဉ်မှာ ပေါ်တူဂီအသင်းအတွက် သွင်းဂိုး တွေကို ပထမပိုင်းပွဲကစားချိန် ၁၀ မိနစ်နဲ့ ဒုတိယပိုင်း ပွဲကစားချိန် ၆၁ မိနစ်မှာ ဂျာအိုဖိလစ်က နှစ်ဂိုး၊ ၂၁ မိနစ်နဲ့ ၄၆ မိနစ်တို့မှာ စီရော်နယ်လ်ဒိုက နှစ်ဂိုး၊ ၃၂ မိနစ်မှာ ကန်ဆယ်လိုက တစ်ဂိုး အသီးသီးသွင်းယူပေးခဲ့တာကြောင့် ဂိုးပြတ်နိုင်ပွဲရရှိခဲ့တာ ဖြစ်ပါတယ်။
အခုပွဲစဉ်မှာ ပေါ်တူဂီအသင်းနဲ့အတူ သွင်းဂိုးနှစ်ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူးစီရော်နယ်လ်ဒိုကတော့ ပေါ်တူဂီအသင်းအတွက် သွင်းယူပေးခဲ့တဲ့ နိုင်ငံတကာသွင်းဂိုး စုစုပေါင်းဟာ ၁၄၀ အထိ ရှိလာခဲ့တာဖြစ်ပါတယ်။
ပေါ်တူဂီအသင်းဟာ အာမေးနီးယားအသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့ပြီးနောက် တိုက်စစ်မှူး စီရော်နယ်လ်ဒိုဟာ ပေါ်တူဂီအသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲကို ခြောက်ကြိမ်မြောက် ဝင်ရောက်ယှဉ်ပြိုင်ကစားခွင့်ရရှိဖို့လည်း မျှော်လင့်ထားတာဖြစ်ပါတယ်။
အခြားသောကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေမှာတော့ ဩစတြီးယားအသင်းက ဆိုက်ပရပ်စ်အသင်းကို တစ်ဂိုး-ဂိုးမရှိ၊ ဘော့ စနီးယားအသင်းက ဆန်မာရီနိုအသင်းကို ခြောက်ဂိုး-ဂိုးမရှိ၊ ဆားဘီးယားအသင်းက လက်ဗီးယားအသင်းကို တစ်ဂိုး-ဂိုးမရှိ၊ အင်္ဂလန်အသင်းက အန်ဒိုရာအသင်းကို နှစ်ဂိုး- ဂိုးမရှိ စသဖြင့် အသီးသီးအနိုင်ရရှိခဲ့ပြီး အိုင်ယာလန်အသင်းနဲ့ ဟန်ဂေရီအသင်းတို့ ပွဲစဉ်မှာတော့ တစ်ဖက်နှစ်ဂိုးစီသရေရလဒ်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။
ငွေကြယ်


