လစ္စဘွန်း   ဩဂုတ်   ၂၆

ပေါ်တူဂီနိုင်ငံ အာဂန်နီလ်မြို့နယ် ပီအိုဒါအိုရွာ၌ စတင်ဖြစ်ပွားခဲ့သည့် တောမီးသည် မီးလောင်သည့် ဧရိယာအကျယ်အဝန်း  ၆၄၄၅၁ ဟက်တာအထိ လောင်ခဲ့သောကြောင့်  နိုင်ငံသမိုင်းတစ်လျှောက်တွင်  အကြီးဆုံးတောမီးအဖြစ်  မှတ်တမ်းဝင်ခဲ့ကြောင်း   ဩဂုတ်   ၂၅ ရက် ထုတ်ပြန်ချက်အရ သိရသည်။

သဘာဝထိန်းသိမ်းရေးနှင့် သစ်တောများဆိုင်ရာအဖွဲ့ (အိုင်စီအင်န်အက်ဖ်)က ဖော်ပြသော အစီရင်ခံစာက လက်ရှိမီးလောင်မှုမှာ ယခင် ၂၀၁၇ ခုနှစ်က  စံချိန်တင်ခဲ့သည့် ဗီလာရင်ဟိုမြို့မှ ဟက်တာ ၅၃၀၀၀ လောင်ခဲ့သည့် လူးဆာမီးလောင်မှု စံချိန်ကို ကျော်လွန်သွားပြီဖြစ်ကြောင်း    အတည်ပြုထားသည်။

အဆိုပါ တောမီးသည် ဩဂုတ်  ၁၃ ရက် ဒေသစံတော်ချိန် နံနက်  ၆   နာရီမှ   စတင်လောင်ခဲ့ပြီး     နာရီအနည်းငယ်အတွင်း လျင်မြန်စွာ  ကူးစက်ပျံ့နှံ့လောင်ခဲ့ကြောင်း၊ ၁၁  ရက်ကြာ ပြင်းထန်စွာလောင်ခဲ့သော  တောမီးသည် ပေါ်တူဂီနိုင်ငံအလယ်ပိုင်းရှိ  ဒေသများကို  ကူးစက်ပျံ့နှံ့လောင်ခဲ့ကြောင်း၊ ဩဂုတ်   ၂၄  ရက်တွင် မီးလောင်မှုကို ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။

ပေါ်တူဂီနိုင်ငံတွင်   ယခုနှစ်အတွင်း ဩဂုတ် ၂၄ ရက်အထိ အဓိက တောမီးလောင်မှုအကြိမ် ၈၀  အထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။                          

ဆင်ဟွာ