နေပြည်တော် ၂၇ ဖေဖော်ဝါရီ 
  

 

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ အစည်းအဝေးကို ယနေ့ညနေ ၄ နာရီတွင် ပြည်ထောင်စုလွှတ်တော် D ဆောင်၊ ဒုတိယထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 
  

 

 အစည်းအဝေးသို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေမူကြမ်း လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌဦးဇော်မင်း၊ ပူးပေါင်းကော်မတီ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ပူးပေါင်းကော်မတီ ဝင်များနှင့်ပြည်ထောင်စုလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 


(သတင်းစဉ်)

 

ိ