အသိဉာဏ်တု နည်းပညာ သို့မဟုတ် အေအိုင်ကိုနည်းပညာ ကုမ္ပဏီကြီးများ အသုံးချမှုမြင့်တက်လာရာမှ လိုအပ်သော လျှပ်စစ်စွမ်းအင်ကို နျူကလီးယား နည်းပညာမှရယူရန် ပြင်ဆင်လာကြပြီဖြစ်သည်။ ဖေ့စ်ဘွတ်၏ ကျောထောက် နောက်ခံဖြစ်သည့် မီတာအေအိုင်သည် ယင်း၏အေအိုင်လုပ်ငန်းစဉ်များအတွက် ကမ္ဘာတစ်ဝန်းလုံး တွင် သန်းနှင့်ချီသော အချက်အလက်ဆာဗာများ ထားရှိလည်ပတ်ရမည်ဖြစ်ရာ လိုအပ်သော လျှပ်စစ်စွမ်းအင်ရရှိရန် နျူကလီးယားဓာတ်ပေါင်းဖို အသေးစားများကို အသုံးပြုသွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့်သီတင်း ပတ်က ထုတ်ပြန်ကြေညာသည်။
“ဆန်းသစ်တီထွင်မှု အသစ်တွေက နယ်ပယ်တစ်လျှောက်လုံးမှာရှိတဲ့ နည်းပညာတိုးတက်မှုတွေအပေါ် ထိရောက်တဲ့ အကျိုးသက်ရောက်မှုရှိပြီး စီးပွားရေး တိုးတက်လာစေတာကြောင့် နျူကလီးယားစွမ်းအင်ဟာ အဲဒီ တိုးတက်မှုတွေအတွက် လိုအပ်တဲ့လျှပ်စစ်ပမာဏ၊ အချက်အလက်စင်တာတွေနဲ့ ပတ်ဝန်းကျင်အသိုင်း အဝိုင်းက လိုအပ်တဲ့လျှပ်စစ်ပမာဏတွေကို ဖြည့်ဆည်းပေးနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု မီတာအေအိုင်၏ ထုတ်ပြန်ချက် တွင် ပါရှိသည်။
ထိုသို့ လုပ်နိုင်ရန်အတွက် နျူကလီးယားစွမ်းအင်ထုတ်လုပ် ရေးလုပ်ငန်းများထံ အဆိုပြုချက်များ တောင်းခံထားပြီဖြစ်သည်။ မီတာအေအိုင်ဘက်က ထိုလုပ်ငန်းစဉ်ကို ၂၀၃၀ ပြည့်လွန်နှစ် အစောပိုင်းကာလများတွင် စတင်နိုင်မည်ဟု မျှော်လင့်ထားပြီး နျူကလီးယားဓာတ်ပေါင်းဖို ထားရှိမည့်နေရာကို ထုတ်ဖော်ပြောကြား ခြင်းမရှိပေ။
မီတာအေအိုင်ကဲ့သို့ပင် အေအိုင်ဘီလူးကြီးတစ်ကောင်ဖြစ်သည့် ဂူးဂဲလ်ကလည်း သူတို့၏အချက်အလက် စင်တာများအတွက် နျူကလီးယားစွမ်းအင်သုံးမည်ဟု အောက်တိုဘာလအတွင်းက ကြေညာခဲ့သည်။ ဂူးဂဲလ်သည် ကယ်လီဖိုးနီးယား အခြေစိုက် ကိုင်းရော့စ် ပါဝါလုပ်ငန်းနှင့် လက်မှတ်ရေးထိုးထားပြီ ဖြစ်သည်။
Ref: Daily Mail


