မနီလာ ဒီဇင်ဘာ ၈
ဖိလစ်ပိုင်နိုင်ငံသည် ဥရောပနိုင်ငံအတွင်း အာဖရိကဝက်တုပ်ကွေးရောဂါ (အေအက်စ်အက်ဖ်) ဖြစ်ပွားပြီးနောက် စပိန်နိုင်ငံမှ ဝက်နှင့် ဝက်သားအားလုံးတင်သွင်းမှု ယာယီတားမြစ်ချက်ကို ချမှတ်ခဲ့ကြောင်း နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးဌာနက ဒီဇင်ဘာ ၇ ရက်တွင် ပြောကြားသည်။
ဝက်၊ ဝက်သား၊ ဝက်ခေါက် စသည့် ရေခဲသည့်သွင်းကုန်များမှာ ခရစ္စမတ်ကာလအတွင်း လုံလောက်မှုရှိပြီး ဈေးနှုန်းမြင့်တက်ခြင်းတို့ ဖြစ်ပေါ်မည်မဟုတ်ကြောင်း စိုက်ပျိုးမွေးမြူရေးဌာနမှ တာဝန်ရှိသူဖရန်စစ္စကိုတီယူလော်ရယ်က ပြောသည်။
ဆာဘက်ဒယ်နှင့် Valles Occidental ဒေသတို့၌ တောဝက်များတွင် အာဖရိကဝက်တုပ်ကွေးရောဂါ ဖြစ်ပွားသည်ကို စပိန်တိရစ္ဆာန်ဆေးကုတာဝန်ရှိသူများက နိုဝင်ဘာ ၂၈ ရက်တွင် တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ ကမ္ဘာ့အဖွဲ့အစည်းသို့ အစီရင်ခံပြီးနောက် တားမြစ်ချက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
အာဖရိကဝက်တုပ်ကွေးဗိုင်းရပ်စ် ဝင်ရောက်ခြင်းမှ ကြိုတင်ကာကွယ်ရန် ဝက်သားတင်သွင်းမှု တရားဝင်ဆိုင်းငံ့ခြင်းမှာ လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ဆင်ဟွာ


