ဩဂုတ် ၂၉

ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာတွင် မကြားသေးမီက ဂျပန်အမျိုးသားနှစ်ဦးအသတ်ခံရမှုတွင် လူရှစ်ဦးထက်မနည်းပါဝင်သည်ဟု ဖိလစ်ပိုင်ရဲတပ်ဖွဲ့က သံသယရှိသည်ဟုဆိုသည်။

အဆိုပါသေဆုံးသူများသည် ဩဂုတ် ၁၅ ရက်က မြို့တော်တွင် တက္ကစီတစ်စီးမှ ဆင်းလာပြီးနောက် ချက်ခြင်းပင် သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်ဟုသိရသည်။

ဒေသခံရဲတပ်ဖွဲ့က ၎င်းတို့ ထိန်းသိမ်းထားသည့် ဖိလစ်ပိုင် အမျိုးသားနှစ်ဦးသည် ထိုပစ်ခတ်မှုတွင် ပါဝင်ပတ်သက်သည်ဟုယူဆထားသည်။ ၎င်းတို့နှစ်ဦးအနက် တစ်ဦးသည် အသက် ၆၀ အရွယ်ဖြစ်သည်ဟု သိရသည်။ တက္ကစီတွင် ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်နေသူဟု ယူဆရသည်။ ကျန်တစ်ဦးမှာ ထိုသူ၏အစ်ကိုဖြစ်သည်။ သူသည် အသက်  ၅၀ဝန်းကျင်ရှိပြီး သေနတ်သမားဖြစ်သည်ဟု ယူဆရသည်။

ဒေသခံရဲတပ်ဖွဲ့က ၎င်းတို့ရဲ့ဗီဒီယိုဖိုင်ကိုခွဲခြမ်းစိတ်ဖြာကြည့်ရာတွင် ထိုတိုက်ခိုက်မှုတွင် ထိန်းသိမ်းခံထားရသူ နှစ်ဦးအပါအဝင် အနည်းဆုံး လူ ရှစ်ဦး ပါဝင်ခဲ့သည်ဟုဆိုသည်။ ကြိုတင်ပြင်ဆင်ထားသောရာဇ၀တ်မှုဟုလည်း ၎င်းတို့ကပြောသည်။ သံသယရှိသူများသည် အမှုဖြစ်ပွားရာနေရာကို ကြိုတင်စစ်ဆေးထားပုံရသည်ဟု ၎င်းတို့ကမှတ်ချက်ပြုသည်။

လူသုံးဦး တက္ကစီပေါ်မှ ဆင်းပြီးနောက် သေနတ်သံနှစ်ချက်ကြားခဲ့ရကြောင်း တက္ကစီယာဉ်မောင်းက ပြောသည်။

အဆိုပါ သတ်ဖြတ်မှုအား ဆောင်ရွက်ရန် ညွှန်ကြားသူဂျပန်တစ်ဦးက ဖိလစ်ပိုင် ပီဆို ၉ သန်း သို့မဟုတ် ဒေါ်လာ ၁၆၀၀၀၀ ဝန်းကျင်ပေးခဲ့သည်ဟု သံသယရှိသူများအနက်တစ်ဦးက စုံစမ်းစစ်ဆေးသူများကို ပြောကြားသည်။

ဒေသခံရဲတပ်ဖွဲ့က အခြားသံသယရှိသူများ၏နေရာကို စုံစမ်းစစ်ဆေးလျက်ရှိသည်။ ထိုအတောအတွင်း တိုကျိုရှိရဲများသည် သတ်ဖြတ်ရန်ညွှန်ကြားသူကို သိရှိနိုင်စေရန် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို