စက်တင်ဘာ ၁၀
ဖိလစ်ပိုင်နိုင်ငံ၏ အလုပ်လက်မဲ့နှုန်းသည် ဇွန်လတွင် ၃.၇ ရာခိုင်နှုန်းမှ ဇူလိုင်လတွင် ၅.၃ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင်အဖွဲ့ (PSA) က ယနေ့တွင် ပြောကြားသည်။
ထိုအဖွဲ့၏အကြီးအကဲ ဒန်နစ်မာပါက ဇူလိုင်လတွင် ဖိလစ်ပိုင်နိုင်ငံသား ၂.၅၉ သန်းခန့် အလုပ်လက်မဲ့ဖြစ်ခဲ့ရာ ယမန်နှစ် ဇူလိုင်လက အလုပ်လက်မဲ့ဦးရေ ၂.၃၈ သန်းထက် ပိုမိုများပြားသည်ဟု သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ် ဇူလိုင်လက အလုပ်လက်မဲ့နှုန်းသည် ၄ ဒသမ ၇ ရာခိုင်နှုန်းရှိသည်ဟု ထိုအဖွဲ့က ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


