နိုဝင်ဘာ ၆

ဖိလစ်ပိုင်နိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်း ကယ်မယ်ဂီတိုက်ခတ်မှုကြောင့် ၁၁၄ ဦးသေဆုံးပြီး ၁၂၇ ဦး ထက်မနည်း ပျောက်ဆုံးလျက်ရှိကြောင်း အရပ်ဘက်ကာကွယ်ရေးရုံး အိုစီဒီ(OCD) က ပြောကြားခဲ့သည်။

နိုင်ငံအလယ်ပိုင်းရှိ ဒေသငါးခုတွင် ကယ်မယ်ဂီမုန်တိုင်းတိုက်ခတ်မှုကြောင့် သေဆုံးသူအရေအတွက် မြင့်တက်လာသည်ဟု သိရသည်။

ပျောက်ဆုံးနေသူများကို ရှာဖွေမှုများလုပ်ဆောင်နေဆဲဖြစ်ကြောင်း အိုစီဒီဒုတိယအုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။ ပျောက်ဆုံးနေသူများတွင် စီဘူးပြည်နယ်မှ ၆၅ ဦးနှင့် နီဂရို့စ်ကျွန်းဒေသမှ ၆၂ ဦး ပါဝင်သည်ဟု သိရသည်။

ကယ်မယ်ဂီမုန်တိုင်းသည် ယခုနှစ်အတွင်း ၂၀ ကြိမ်မြောက်တိုက်ခတ်သောမုန်တိုင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို