အောက်တိုဘာ ၁၇

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း နော်တီပြည်နယ်တွင် ယနေ့နံနက်ပိုင်းက ပြင်းအား ၆ ဒသမ ၂ ပမာဏရှိ ကမ်းလွန်ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဖိလစ်ပိုင် မီးတောင်နှင့် ငလျင်ဗေဒသိပ္ပံအင်စတီကျုက ပြောကြားခဲ့သည်။

ဒေသစံတော်ချိန် နံနက်  ၇ နာရီ (2303 GMT) တွင် ဖြစ်ပွားခဲ့သော ငလျင်သည် General Luna ခရိုင်၏ အရှေ့တောင်ဘက် ၁၃ ကီလိုမီတာခန့်၊ အနက် ၁၀ ကီလိုမီတာတွင် လှုပ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။

ငလျင်သည် နောက်ဆက်တွဲငလျင်များ ဖြစ်ပေါ်စေပြီး သိသိသာသာ ပျက်စီးမှုများ ဖြစ်ပေါ်နိုင်ကြောင်း အင်စတီကျုက ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းနှင့် မင်ဒါနာအိုဒေသရှိ အိမ်နီးချင်းပြည်နယ်များတွင်လည်း ငလျင်လှုပ်ခတ်မှုကို ခံစားခဲ့ရကြောင်းနှင့် အသေအပျောက် သို့မဟုတ် ပျက်စီးမှုသတင်းများကို ချက်ချင်းထုတ်ပြန်ခြင်း မရှိသေးကြောင်း ဖော်ပြထားသည်။

ဖိလစ်ပိုင်နိုင်ငံသည် ပစိဖိတ်မီးကွင်းတစ်လျှောက်ရှိ၎င်း၏တည်နေရာကြောင့် ငလျင်လှုပ်ခတ်မှု မကြာခဏဖြစ်ပွားလေ့ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို