ရန်ကုန်  ဩဂုတ်  ၁၀

လာမည့်ရာသီ MFF ဖူဆယ်လိဂ်-၂ ပြိုင်ပွဲဝင်ခွင့်အတွက် ကျင်းပသည့်  ခြေစစ်ပွဲနောက်ဆုံးနေ့ကို သြဂုတ် ၁၀ ရက်က ရန်ကုန်မြို့ သုဝဏ္ဏ ဘောလုံးကွင်းရှိ   MFF   ဖူဆယ်အားကစားရုံ၌ ကျင်းပရာ Maryar NOKA  အသင်းက  အုပ်စုပထမ၊ P.S Star အသင်းက အုပ်စုဒုတိယဖြင့် ခြေစစ်ပွဲ အောင်မြင်ခဲ့သည်။

နောက်ဆုံးပွဲတွင်   Maryar NOKA  အသင်းက   P.S Star အသင်းကို   လေးဂိုး-သုံးဂိုးဖြင့် အနိုင်ရ ခဲ့သည်။   ယင်းနှစ်သင်း စလုံးသည် ယခုပွဲမတိုင်မီကတည်း က    ခြေစစ်ပွဲအောင်မြင်ထားပြီး အုပ်စု      ပထမနေရာအတွက်သာ ယှဉ်ပြိုင်ကစားရခြင်းဖြစ်သည်။ Maryar NOKA အသင်းအတွက် ဂိုးများ ကို ၁၃ မိနစ်တွင် မြတ်နိုး၊ ၁၉၊ ၃၈ မိနစ်တွင် နေမျိုးသက်နှင့် ၁၃ မိနစ် တွင် ဇင်မင်းသူတို့က သွင်းယူပြီး  P.S Star အသင်းအတွက် ဂိုးများကို ခုနစ်မိနစ်တွင် ရဲမင်းအောင်၊ ၁၁၊ ၁၉ မိနစ်တွင် ချမ်းဟိန်းကျော်တို့က သွင်းယူခဲ့သည်။ P.S Star အသင်းသည် နှစ်ဂိုးပြတ်ဦးဆောင်ပြီးမှ ဂိုးများပြန်ပေးရခြင်းဖြစ်သည်။

ခြေစစ်ပွဲတွင် အသင်းသုံးသင်း ယှဉ်ပြိုင်ပြီး Maryar NOKA အသင်းက နှစ်ပွဲစလုံးအနိုင်ရကာ ရမှတ်ခြောက်မှတ်ဖြင့် အုပ်စုပထမ၊   P.S Star အသင်းက တစ်ပွဲနိုင် တစ်ပွဲရှုံး သုံးမှတ်ဖြင့် အုပ်စု ဒုတိယရရှိကာ ခြေစစ်ပွဲအောင်မြင်ပြီး  King Cobra  အသင်းမှာမူ နှစ်ပွဲစလုံး အရေးနိမ့်၍ ခြေစစ်ပွဲ မအောင်မြင်ခဲ့ပေ။

အလင်းအိမ်၊ ဓာတ်ပုံ-MFF