ပရီမီယာလိဂ်ပွဲစဉ်(၆)မှ စက်တင်ဘာ ၂၈ ရက် ည ၇ နာရီခွဲက ဗီလာပတ်ခ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် အက်စ်တွန်ဗီလာနှင့် ဖူလ်ဟမ်အသင်းပွဲစဉ်တွင် အက်စ်တွန်ဗီလာအသင်းက တိုက်စစ်ခြေစွမ်းပြကာ သုံးဂိုး-တစ်ဂိုးဖြင့် နိုင်ပွဲရရှိခဲ့သည်။   

ဖူလ်ဟမ်အသင်းသည် ပွဲကစားချိန် ၃ မိနစ်တွင် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သော်လည်း နောက်ပိုင်းပွဲချိန်များတွင် ချေပဂိုးနှင့် အနိုင်ဂိုးများ ပြန်လည်ခွင့်ပြုပေးခဲ့ရသည့်အတွက် ဂိုးပြတ်ရှုံးပွဲ ကြုံတွေ့ခဲ့ခြင်းဖြစ်သည်။ အက်စ်တွန်ဗီလာအသင်းသည် ဖူလ်ဟမ်ကို ဂိုးပြတ်အနိုင်ယူပြီး ယခုနှစ်ရာသီ ပထမဆုံးပရီမီယာလိဂ်နိုင်ပွဲကို ရယူနိုင်ခဲ့ပြီဖြစ်သည်။

မိုးဇက် - စုစည်းရေးသားသည်