ပီအက်စ်ဂျီအသင်း၊ အာဆင်နယ်အသင်းနဲ့   အင်တာမီလန်အသင်းတို့ဟာ အောက်တိုဘာ ၂၁ ရက် ညပိုင်းက  ယှဉ်ပြိုင်ကစားခဲ့တဲ့   ချန်ပီယံလိဂ်ပွဲစဉ် (၃) မှာ နိုင်ပွဲကိုယ်စီရရှိခဲ့ပြီး ရှုံးပွဲမရှိ စံချိန်နဲ့အတူ ဇယားထိပ်မှာ  ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။

လက်ရှိချန်ပီယံလိဂ် ချန်ပီယံ ပီအက်စ်ဂျီအသင်းဟာ လေဗာကူဆင်အသင်းရဲ့ အိမ်ကွင်းမှာ   ခုနစ်ဂိုး-နှစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး အာဆင်နယ်အသင်းကတော့ အိမ်ကွင်း  အမ်းမရိတ်မှာ စပိန်ကလပ် အက်သလက်တီကို မက်ဒရစ်အသင်းကို  လေးဂိုးပြတ်နဲ့   အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

အီတလီစီးရီးအေကလပ် အင်တာမီလန်အသင်းကတော့ ယူနီယံစိန့်ဂီလွိုက်အသင်းကို လေးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

အခြားသော ချန်ပီယံလိဂ်ပွဲစဉ်တွေမှာတော့ ဘာစီလိုနာအသင်းက အိုလံပီယာကို့စ်အသင်းကို ခြောက်ဂိုး-တစ်ဂိုး၊ ဒေါ့မွန်အသင်းက ကိုပင်ဟေဂင်အသင်းကို လေးဂိုး-နှစ်ဂိုး၊ နယူးကာဆယ်အသင်းက ဘင်ဖီကာအသင်းကို သုံးဂိုး-ဂိုးမရှိ၊  ပီအက်စ်ဗွီအသင်းက  နာပိုလီအသင်းကို ခြောက်ဂိုး-နှစ်ဂိုး၊ မန်စီးတီးအသင်းက ဗီလာရီးယဲလ်အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အသီးသီးအနိုင်ရရှိခဲ့ပြီး ကိုင်ရက်အသင်းနဲ့   ပါဖို့စ်အသင်းတို့ ပွဲစဉ်မှာတော့ ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ အိုလံပီယာကို့စ်အသင်းကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ဖာမန်လိုပက်က ဟက်ထရစ်သွင်းယူ‌ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ငွေကြယ်