(၁၂.၁၀.၂ဝ၂၂)

 

၁။        ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၁၂)ရက် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက မွန်ပြည်နယ်၊ ကျိုက်ထို မြို့နယ်ရှိ ကျိုက်ထီးရိုးဆံတော်ရှင်  ကင်မွန်းချောင်းတောင်တက်ယာဉ်စခန်းအား အကြမ်းဖက် PDF များမှ ၆၀မမ၊ ၄၀မမ လက်နက်များ၊ လက်ပစ်ဗုံးများ ၊  လက်နက်ငယ်များဖြင့်ပစ်ခတ်ခဲ့ကြသည်ဟု သိရှိရပါသည်။

 

၂။        အကြမ်းဖက် PDF တို့ပစ်ခတ်မှုကြောင့်  အပြစ်မဲ့ဘုရားဖူး  ရဟန်း၊ ရှင်၊ လူ၊ အမျိုးသမီးနှင့် ကလေးငယ်များအပါ ပြည်သူစုစုပေါင်း (၁၉) ဦး ဒဏ်ရာရရှိသွားခဲ့ပြီး (၃) ဦး သေဆုံးကြောင်း စိတ်နှလုံး မချမ်းမြေ့စွာ ကြားသိ ရပါသည်။

 

၃။        အပြစ်မဲ့ဘုရားဖူးပြည်သူများအား ဤသို့ပစ်မှတ်ထား တိုက်ခိုက်သည့် ရွံရှာဖွယ် လူမဆန် သည့် အကြမ်းဖက်လုပ်ရပ်ကို မိမိတို့ ပိန္နဲကုန်းရခိုင်ဂျာမေဗလီမှ လုံးဝလက်မခံနိုင်ကြောင်းနှင့် ပြင်းထန်စွာရှုတ်ချကြောင်း သဘောထားထုတ်ပြန်လိုက်သည်။

ပိန္နဲကုန်းရခိုင်ဂျာမေဗလီ