ကဘူးလ်   နိုဝင်ဘာ   ၂၅

ပါကစ္စတန်လေတပ်က အာဖဂန် နစ္စတန် အရှေ့ပိုင်းဒေသကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ  အာဖဂန် ၁၀ ဦး   သေဆုံးခဲ့ပြီး လေးဦး  ဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန်အစိုးရ  ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဇဘီဟူလာမူဂျာဟစ်က နိုဝင်ဘာ ၂၅ ရက်က ပြောကြားခဲ့သည်။

ပါကစ္စတန်လေတပ်က နိုဝင်ဘာ ၂၄ ရက် ညသန်းခေါင်တွင် ကို့စ်ပြည်နယ် ဂါဘက်ဇ်ဒေသကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သောကြောင့်   ယောကျ်ားလေး ငါးဦး၊ မိန်းကလေး လေးဦးအပါ အဝင်  ကလေးကိုးဦးနှင့်    အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်ဟု မူဂျာဟစ်က  လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။

ပါကစ္စတန်လေတပ်သည် နိုဝင်ဘာ ၂၃ ရက်တွင် ကူနာနှင့် ပါက်ခ်တီကာ ပြည်နယ်များကို  လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ  အရပ်သားလေးဦး ဒဏ်ရာရရှိခဲ့သည်ဟု ၎င်းကပြောကြားသည်။

သို့သော် အဆိုပါပြောကြားချက်များနှင့်ပတ်သက်ပြီး ပါကစ္စတန်ဘက်မှ မည်သည့်ထုတ်ပြန်ကြေညာချက်မျှ မထုတ်ပြန်သေးကြောင်း သိရသည်။

ယခင်ကာလများတွင် ပါကစ္စတန်က တာလီဘန်များကို ထောက်ပံ့ခဲ့သည်။ သို့သော်လည်း နယ်စပ်ဒေသများတွင် အစွန်းရောက်အကြမ်းဖက်များကို နှိမ်နင်းမှုနှင့်ပတ်သက်ပြီး နှစ်ဖက်အဖွဲ့များကြား  သဘောထားကွဲလွဲခဲ့ကြသည်။ ယခုအချိန်၌ ၎င်းတို့၏ ဆက်ဆံရေးသည် လက်နက်ကိုင်ပဋိပက္ခများ အပြန်အလှန်ဖြစ်ပွားပြီး  အဆိုးဆုံးအခြေအနေသို့   ရောက်ရှိလာခဲ့သည်။

အာဖဂန်အစိုးရနှင့် ပါကစ္စတန်တို့သည် အောက်တိုဘာလတွင် အရေးပေါ်ပစ်ခတ်တိုက်ခိုက်မှု သဘောတူညီချက်ကို သဘောတူခဲ့သည်။ သို့သော်လည်း  ထာဝရငြိမ်းချမ်းရေးညှိနှိုင်းဆွေးနွေးမှုများသည် သဘောတူညီမှုမရဘဲ အဆုံးသတ်ခဲ့သည်။

မကြာသေးမီရက်များတွင် ပါကစ္စတန်နှင့် အာဖဂန်တပ်ဖွဲ့များသည် နယ်စပ်ဒေသတစ်လျှောက် တိုက်ပွဲများဖြစ်ပွားခဲ့သည်။ 

ဆင်ဟွာ၊ အင်န်အိတ်ချ်ကေ