အစ္စလာမ္မာဘတ်  နိုဝင်ဘာ  ၁၆

ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဆင်းဒ်ပြည်နယ်၌ သွေးလွန်တုပ်ကွေးကြောင့်  နောက်ထပ်သေဆုံးသူ သုံးဦးတိုးလာရာ ယခုနှစ်အတွင်းသွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူစုစုပေါင်း ၃၆ ဦးအထိ ရှိလာသည်ဟု ပြည်နယ်ကျန်းမာရေးဌာနက နိုဝင်ဘာ ၁၅ ရက်တွင် ပြောသည်။

ဆင်းဒ်ပြည်နယ်ရှိ  ဟိုဒရာဘတ်ခရိုင်တွင် အသက် ၅၀  အရွယ်  အမျိုးသားတစ်ဦးနှင့် အသက်   ၈၀  အရွယ် အမျိုးသမီးတစ်ဦးတို့ သွေးလွန်တုပ်ကွေးကြောင့် သေဆုံးခဲ့ပြီး ကရာချိမြို့မှ အသက်  ၅၅   နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာလည်း သွေးလွန်တုပ်ကွေးကြောင့် သေဆုံးခဲ့သည်။

အဆိုပါကာလအတွင်း သွေးလွန်တုပ်ကွေး စစ်ဆေးမှုပေါင်း ၅၂၂၉ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး အတည်ပြုလူနာ ၇၇၄ ဦးရှိသည်ဟု ကျန်းမာရေးဌာနက ပြောသည်။ ယခုနှစ်အတွင်း ဆင်းဒ်ပြည်နယ်၌ သွေးလွန်တုပ်ကွေးကြောင့် ဆေးရုံတက်ရသူ ၁၈၀ ကျော်ရှိသည်။

ခြင်ပေါက်ပွားရာနေရာများကို  ရှင်းလင်းရန်နှင့် ရောဂါလက္ခဏာများ ပြသလာပါက ဆေးကုသမှုခံယူရန် ကျန်းမာရေးအရာရှိများက ဒေသခံများကို တိုက်တွန်းထားသည်။

ဆင်ဟွာ