အစ္စလာမာဘတ် စက်တင်ဘာ ၄
ပါကစ္စတန်နိုင်ငံက အိမ်နီးချင်း အာဖဂန်နစ္စတန်နိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီ ၁၀၅ တန်ကို ပေးအပ်ခဲ့ကြောင်း ပါကစ္စတန် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် အီဟတ်ဒါက ယနေ့ပြောကြားသည်။
အဆိုပါအကူအညီများတွင် အစားအစာ၊ ဆေးဝါးများ၊ ရွက်ဖျင်တဲများ၊ စောင်များနှင့် ဖျာများ ပါဝင်ကြောင်း အီဟတ်ဒါက ဆက်လက်ပြောကြားသည်။
အာဖဂန်နိုင်ငံခြားရေးဝန်ကြီး အာမာခန်မတ်တာခီနှင့် တယ်လီဖုန်းပြောပြီးနောက် ပါကစ္စတန်အစိုးရက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးအကူအညီ ၁၀၅ တန်ကို အာဖဂန် နစ္စတန်သို့ ပေးပို့ခဲ့ကြောင်း ပါကစ္စတန် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် အီဟတ်ဒါက ပြောကြားသည်။
ငလျင်လှုတ်ခတ်မှုကြောင့် အသက်ဆုံးရှုံးမှုအတွက် ဝမ်းနည်းကြောင်းနှင့် ဒဏ်ရာရသူများကို အမြန်ဆုံးပြန်လည်ကောင်းမွန်လာစေရန် အီဟတ်ဒါ က တောင်းဆုပြုခဲ့သည်။
ထို့ပြင် ပါကစ္စတန်၏ သွေးစည်းညီညွတ်မှုကို ပြသပြီး အာဖဂန်ပြည်သူများနှင့်အတူတကွ အမြဲရှိနေမည်ဖြစ်ကြောင်း အီဟတ်ဒါက ပြောကြားခဲ့သည်။ သြဂုတ် ၃၁ ရက်က အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း၌ ပြင်းအား ၆ ဒသမ ၀ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ရာ လူ ၂၂၀၅ ဦး သေဆုံးကာ ၃၆၄၀ ဒဏ်ရာရရှိပြီး အိမ်ခြေထောင်ပေါင်းများစွာ ပျက်စီးခဲ့ကြောင်း အာဖဂန်အာဏာပိုင်များက ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်


