အစ္စလာမ္မာဘတ် အောက်တိုဘာ ၂၆
ပါကစ္စတန်အာဏာပိုင်များသည် နိုင်ငံ၏အနောက်တောင်ပိုင်း ဘလိုချီစတန်ပြည်နယ်၌ ကြီးမားသည့်မူးယစ်ဆေးဝါးမှောင်ခိုကူးရန် ကြိုးပမ်းနေမှုကို တားဆီးနိုင်ခဲ့ပြီး ရူပီး ၁၈ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၆၄ ဒသမ ၀၆ သန်းခန့်)တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို သိမ်းဆည်းရမိခဲ့ကြောင်း ဖက်ဒရယ်အခွန်ဘုတ်အဖွဲ့(အက်ဖ်ဘီအာ)က ပြောကြားသည်။
ပါကစ္စတန်နိုင်ငံ ဘလိုချီစတန်ပြည်နယ် နော့ရှ်ကီခရိုင်၌ ထရပ်ကားတစ်စီးကို နယ်မြေစစ်ဆေးရေးအဖွဲ့ (အက်ဖ်အီးယူ)က တားဆီးနိုင်ခဲ့ကြောင်း အောက်တိုဘာ ၂၅ ရက် ညနေပိုင်း ထုတ်ပြန်ချက်အရ သိရသည်။ အာဏာပိုင်များက အဆိုပါ ယာဉ်မှ စိတ်ကြွဆေး ၃၀၀ ကီလိုဂရမ်ခန့် ရှာဖွေတွေ့ရှိ ခဲ့ပြီး သံသယရှိသူနှစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ယခုသီတင်းပတ်အစောပိုင်းကလည်း ပါကစ္စတန်ရေတပ်တပ်ဖွဲ့များသည် အာရေဗျပင်လယ်၌ ရွက်သင်္ဘောအတွင်းမှ အမေရိကန်ဒေါ်လာ ၉၇၂ သန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဆင်ဟွာ


