နိုဝင်ဘာ ၁၈
ပါကစ္စတန်နိုင်ငံတစ်ဝန်းတွင် ကလေးများအား ဝက်သက်၊ ရူဘယ်လာနှင့် ပိုလီယိုရောဂါ ကာကွယ်ဆေးထိုးနှံရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လှုပ်ရှားမှုတစ်ခု စတင်ခဲ့ကြောင်း အရေးပေါ်လုပ်ငန်းလည်ပတ်ရေးဌာန (EOC) က ပြောကြားခဲ့သည်။
နိုဝင်ဘာ ၁၇ ရက်မှ ၂၉ ရက်အထိ ပြုလုပ်မည့် ကာကွယ်ဆေးထိုးလှုပ်ရှားမှုသည် အသက်ခြောက်လမှ ငါးနှစ်အထိ ကလေး ၃၅ ဒသမ ၄ သန်းအား ဝက်သက်-ရူဘယ်လာကာကွယ်ဆေးများထိုးနှံခြင်းနှင့် ရောဂါဖြစ်ပွားမှုများသော ခရိုင် ၉၀ ရှိ ကလေး ၂၃ ဒသမ ၃ သန်းအား ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးခြင်းတို့ဖြစ်ကြောင်း ထိုဌာနက ပြောကြားခဲ့သည်။
အစိုးရကျန်းမာရေးဌာနများ၊ စာသင်ကျောင်းများ၊ ဘာသာရေးကျောင်းများနှင့် ယာယီစင်တာများတွင် ကာကွယ်ဆေးထိုးအဖွဲ့များ ဖြန့်ချထားသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


