နိုဝင်ဘာ ၁၇
ပါကစ္စတန်နိုင်ငံတောင်ပိုင်းဆင်းဒ်ပြည်နယ်ရှိ မီးရှူးမီးပန်းစက်ရုံတစ်ခုတွင် ပြင်းထန်သောပေါက်ကွဲမှုတစ်ခုကြောင့် ခုနစ်ဦးထက်မနည်းသေဆုံးပြီး အခြားခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ယမန်နေ့က ပြောကြားခဲ့သည်။
အဆိုပါပေါက်ကွဲမှုသည် ဟိုက်ဒရာဘတ်ခရိုင်ရှိ Laghari Goth တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း Rescue 1122 ဆင်းဒ်၏ ပြောရေးဆိုခွင့်ရှိသူက သတင်းထောက်များကိုပြောကြားသည်။
ထိုပေါက်ကွဲမှုကြောင့် စက်ရုံမီးလောင်ကျွမ်းမှုကြီးတစ်ခု ဖြစ်ပွားခဲ့သည်ဟု ၎င်းကဆိုသည်။
ကယ်ဆယ်ရေးအဖွဲ့များသည် အပျက်အစီးများကြားမှရုပ်အလောင်းများကို ပြန်လည်ဆယ်ယူခဲ့ပြီး ဒဏ်ရာရရှိသူများကို ဒေသခံဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်။ ဒဏ်ရာရရှိသူများအနက် သုံးဦးသည် အခြေအနေစိုးရိမ်ရသည်ဟု သိရသည်။
ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းရင်းကိုသိရှိရန်စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


