နိုဝင်ဘာ ၂၀

ပါကစ္စတန်နှင့် အီရတ်နိုင်ငံတို့တွင် အကျဉ်းကျခံနေရသော အာဖဂန်နိုင်ငံသား စုစုပေါင်း ၅၆၅ ဦး ပြီးခဲ့သည့်သီတင်းပတ်အတွင်း လွတ်မြောက်လာပြီး အာဖဂန်နစ္စတန်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း ဒုက္ခသည်များနှင့် နေရပ်ပြန်ပို့ရေးဆိုင်ရာဝန်ကြီးဌာနက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါလွတ်မြောက်လာသူများအနက် ပါကစ္စတန်အကျဉ်းထောင်များတွင် နှစ်လကြာအထိ ထိန်းသိမ်းခံထားရသော အကျဉ်းသား ၅၁၇ ဦးသည် တောင်ပိုင်းကန်ဒါဟာပြည်နယ်ရှိ Spin Boldak ဖြတ်ကျော်ဂိတ်မှတစ်ဆင့် နေရပ်သို့ ပြန်လည်ရောက်ရှိခဲ့သည်ဟု သိရသည်။

 အီရတ်နိုင်ငံတွင် ခြောက်လမှ ကိုးလအထိ အကျဉ်းကျခံနေရသော အာဖဂန်နိုင်ငံသား ၄၈ ဦးကို အနောက်နင်ရော့ဇ်ပြည်နယ်ရှိ Pul-e-Abresham နယ်စပ်ဂိတ်မှတစ်ဆင့် ပြန်လည်ပို့ဆောင်ခဲ့ကြောင်း ထိုဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဇူလိုင်လက နောက်ဆုံးထုတ်ပြန်သော စာရင်းဇယားများအရ အာဖဂန်နိုင်ငံသား ၁၀၀၀၀ ကျော်သည် ပြည်ပတွင် အကျဉ်းကျခံနေရဆဲဖြစ်ကာ အဓိကအားဖြင့် အီရန်နှင့် ပါကစ္စတန်တို့တွင် ဖြစ်ကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို