ပခုက္ကူ ဒီဇင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲပေးစက်ပစ္စည်းများ သိမ်းဆည်းထားရှိသောနေရာများ မီးဘေးလုံခြုံရေးအတွက် ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပခုက္ကူခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးသိန်းဇော်ဝင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ လျှပ်စစ်အင်ဂျင်နီယာရုံး(ပခုက္ကူ)မှ ဝန်ထမ်းများက ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ မဲပေးစက်ပစ္စည်းထားရှိသော နေရာများအား အရေးပေါ်မီးငြှိမ်းသတ်ပစ္စည်းများ၊ လျှပ်စစ်မီးကြိုးများ၊ ဆိုလာနှင့် လျှပ်စစ်ပစ္စည်းများ ကောင်းမွန်မှု ရှိ/ မရှိတို့ကို ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကယ်ရီမောင်


