ပခုက္ကူ စက်တင်ဘာ ၈
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများ၌ စိုက်ပျိုးသည့် ဝါသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ချည်မျှင်ရှည်ဝါနှင့် ချည်မျှင်တိုဝါသီးနှံများကို အဓိကစိုက်ပျိုးကြပြီး ဝါသီးနှံစိုက်ဧက ၂၅၀၀ ဝန်းကျင်ခန့်ရှိကြောင်း၊ ဝါသီးနှံ စတင်ပေါ်ခါစအချိန်တွင် ဈေးကောင်းရရှိပြီး တစ်နေ့လျှင် ပိဿာချိန် ၃၀ မှ ၅၀ အထိ မြို့ပေါ်ဈေးကွက်သို့ ဝင်ရောက်လျက်ရှိကြောင်း၊ ဇူလိုင်လမှဩဂုတ်လ (ဒုတိယပတ်) အတွင်း တစ်နေ့လျှင် ပိဿာချိန် ၂၀၀ မှ ၃၀၀ အထိ ဝင်ရောက်ကာ လက်ရှိတွင် ပိဿာချိန်ပေါင်း ၂၅၀ မှ ၃၀၀ ခန့် ဝင်ရောက်လျက်ရှိကြောင်း ဝါကုန်သည်များထံမှ သိရသည်။
ဘာမီသာ(ပခုက္ကူ)


