ပခုက္ကူတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ စားပွဲတင်တင်းနစ်နှင့်စစ်တုရင်ပြိုင်ပွဲကျင်းပ

ပခုက္ကူ  ဇွန် ၁၈

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ စားပွဲတင်တင်းနစ်နှင့်စစ်တုရင်ပြိုင်ပွဲဖွင့်ပွဲကို ဇွန်လ ၁၈ရက် နံနက် ၈နာရီအချိန်က အဆိုပါတက္ကသိုလ်(Recreation Center) နှစ်ထပ်ဆောင်ခန်းမ၌ ကျင်းပသည်။ 

ပထမဦးစွာ ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က အဆင့်မြင့်တက္ကသိုလ်အတန်း ပညာရပ်များအပြင်ဗလငါးတန်နှင့်ပြည့်စုံကြွယ်ဝသည့်ကျောင်းသား၊ကျောင်းသူများဖြစ်လာစေရန်၊ကျောင်းသား၊ကျောင်းသူများ အချင်းချင်းကြား စည်းလုံးညီညွတ်မှု ပိုမိုရရှိစေရန်၊ အားကစားစိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်တတ်ကြစေရန်၊ ပြည်ထောင်စု စိတ်ဓာတ်နှင့်မျိုးချစ်စိတ်ဓာတ်ပိုမိုရှင်သန်ထက်မြက်လာစေရန်တို့အတွက်အားကစားပြိုင်ပွဲကျင်းပပေးရခြင်းဖြစ်ကြောင်း အဖွင့် အမှာစကားပြောကြားပြီးပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများ အားကစားသစ္စာဓိဋ္ဌာန်(၄)ချက် ရွတ်ဆိုကြ သည်။ 

ဆက်လက်၍ ပခုက္ကူတက္ကသိုလ်ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်၊ ဒုတိယပါမောက္ခချုပ်(စီမံ) ဒေါက်တာ ဝင်းအိအိနှင့်ဒုတိယပါမောက္ခချုပ်(သင်ကြား) ဒေါက်တာခင်ခင်ထွတ်တို့က ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံစားပွဲ တင်တင်းနစ်နှင့်စစ်တုရင်ပြိုင်ပွဲကို ဖွင့်လှစ်ပေးကြသည်။

အဆိုပါပခုက္ကူတက္ကသိုလ်၊၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ စားပွဲတင်တင်းနစ်နှင့်စစ်တုရင်ပြိုင်ပွဲတွင် ဘာသာရပ်ပေါင်းစုံ(၁၀)ဌာနမှ ကျောင်းသား၊ကျောင်းသူ (၈၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုပေးပွဲကို ဇွန်လ၁၉ရက်တွင် ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။ 

ဘာမီသာ(ပခုက္ကူ)