ပင်လောင်း စက်တင်ဘာ ၂၃
တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်ဝန်း ဖော်ဆောင်ရေးအတွက် ပင်လောင်းမြို့နယ် သမဝါယမ ဦးစီးဌာနနှင့် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပင်လောင်းကြီး ကျေးရွာ၌ ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်သည်။
အသိပညာပေးဟောပြော
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လှမြင့်က သမဝါယမ၏ လုပ်ငန်းပိုင်းဆိုင်ရာ အကြောင်းကို လည်းကောင်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာစိုင်းအေးလှိုင်က မွေးမြူရေးလုပ်ငန်းပိုင်းဆိုင်ရာများ၊ တိရစ္ဆာန်များမှ ဖြစ်ပေါ်တတ်သည့် ရောဂါလက္ခဏာများနှင့် ပတ်သက်သည့် ကုသရေးဆိုင်ရာများ အကြောင်းကို လည်းကောင်း အသိပညာပေး ဟောပြောကြသည်။
ထို့နောက် ပင်လောင်းကြီးကျေးရွာအုပ်စု လွယ်မွန်းခမ်း လယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမ အသင်းလီမိတက်မှ ပင်လောင်းကြီးကျေးရွာနှင့် နမ့်ပါကျေးရွာ ကျေးရွာချင်းဆက်လမ်း ပေ၉၀၀ (ကွန်ကရစ်)လမ်း ခင်းကျင်းနိုင်ရေးအတွက် ငွေကျပ် ၁၀ သိန်းကို အသင်းဥက္ကဋ္ဌ ဦးစိုင်းတင်ထွန်းက ပေးအပ်လှူဒါန်းရာ ကျေးရွာတာဝန်ရှိသူတစ်ဦးက လက်ခံရယူခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


