ပွင့်ဖြူမြို့နယ်၌ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ တတိယမြောက်နေ့ သင်္ချာဘာသာရပ် ကျောင်းသား ကျောင်းသူ ၁၀၈ ဦး ဖြေဆိုရန် ပျက်ကွက်

ပွင့်ဖြူ ၈ မတ်      


၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ် ၆ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဖြေဆို ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မတ် ၈ ရက်၊ ယနေ့ နံနက် ၉ နာရီက ဖြေဆိုကျင်းပသည့် တတိယမြောက်နေ့  သင်္ချာဘာသာရပ်မေးခွန်းအား မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ အခြေခံပညာစာစစ်ဌာန ၇ ခုဖြင့် ဖြေဆိုကျင်းပရာ လာရောက်ဖြေဆိုရန် ပျက်ကွက်သည့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၀၈ ဦးရှိခဲ့ကြောင်း ပွင့်ဖြူမြို့နယ် ပညာရေးမှူးရုံးထံမှ သိရသည်။ 


ပွင့်ဖြူမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသည့် အခြေခံပညာစာစစ်ဌာနအသီးသီးတွင် ကျောင်းသား ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းစွာ သွားလာဖြေဆိုနိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များနှင့် ကျောင်းသားမိဘများမှ ပူးပေါင်း၍ အနီးကပ်ကြပ်မတ်ဆောင်ရွက်ပေးနေကြောင်း သိရသည်။ 


ယနေ့ ဖြေဆိုသည့် တတိယမြောက်နေ့  သင်္ချာဘာသာရပ် ဝင်ရောက်ဖြေဆိုမှု စာရင်းအနေဖြင့် ပွင့်ဖြူ (အ.ထ.က)စာစစ်ဌာနတွင် ကျောင်းသား ကျောင်းသူ ၆၆၁ ဦး၊ ကံသာကြီး(အ.ထ.က)စာစစ်ဌာနတွင် ကျောင်းသား ကျောင်းသူ ၈၈ ဦး၊ ရှောက်တော(အ.ထ.က)စာစစ်ဌာနတွင် ကျောင်းသားကျောင်းသူ ၅၃၈ ဦး၊ ကုန်းဇောင်း (အ.ထ.က)စာစစ်ဌာနတွင် ကျောင်းသားကျောင်းသူ ၉၄၈ ဦး၊ ကျောင်းတော်ရာ(အ.ထ.က)စာစစ်ဌာနတွင် ကျောင်းသားကျောင်းသူ ၆၁၈ ဦး၊ လယ်ကိုင်း(အ.ထ.က)စာစစ်ဌာနတွင် ကျောင်းသားကျောင်းသူ ၂၆၉ ဦး၊ မဲဇလီ(အ.ထ.က) စာစစ်ဌာနတွင် ကျောင်းသားကျောင်းသူ ၂၀၃ ဦး၊ စုစုပေါင်း ကျောင်းသားကျောင်းသူ ၃၃၂၅ ဦး အသီးသီး ဝင်ရောက်ဖြေဆိုခဲ့ပြီး လာရောက်ဖြေဆိုရန် ပျက်ကွက်သူဦးရေအနေဖြင့် ပွင့်ဖြူမြို့နယ်အတွင်း စာစစ်ဌာန ၇ ခုမှ စုစုပေါင်း ကျောင်းသားကျောင်းသူ ၁၀၈ ဦး ရှိကြောင်း သိရသည်။ 


ရဲဝင်းနိုင် (ညောင်ဦး)

 

AR1.