ပွင့်ဖြူ ၁၆ ဖေဖော်ဝါရီ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင်းရှိ အစိုးရပါဠိပထမပြန်စာအောင် သံဃာတော်များနှင့် သီလရှင်များအား စာအောင်လက်မှတ် ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ၁၆ ရက် မွန်းလွဲ ၁ နာရီခွဲက ပွင့်ဖြူမြို့နယ် သံဃာနာယကအဖွဲ့ရုံး ဂုဏဝတီကျောင်းတိုက်တွင် ကျင်းပပြုခဲ့လုပ်ကြောင်း သိရသည်။
ရှေးဦးစွာ ဧည့်ပရိသတ်များသ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ပွင့်ဖြူမြို့နယ် ရွှေပန်းမြိုင်ကျောင်းတိုက်မှ တိုင်းဝန်ဆောင် ဆရာတော် ဘဒ္ဒန္တဇောတိကထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။
ထို့နောက် မြို့နယ်သာသနာရေးဦးစီးဌာန တာဝန်ခံ မြို့နယ်လဝကဦးစီးမှူး (ယာယီ) ဦးကျော်မြင့်က ဩဝါဒဆရာတော်ကြီးများထံ မြို့နယ်အတွင်း သာသနာရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လျှောက်ထားပြီး တာဝန်ရှိသူများနှင့် စေတနာအလှူရှင်များက ဩဝါဒဆရာတော်ကြီးများကို လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် အစိုးရပါဠိ ပထမပြန်စာအောင် ရဟန်း ၄ ပါးနှင့် သာမဏေ ၁ ပါး၊ သီလရှင် ၃ ပါးတို့အား ဂုဏ်ပြုလွှာနှင့် စာအောင်ချီးမြှင့်အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ အစိုးရပါဠိ ပထမပြန်စာအောင်ဆု ဆက်ကပ်လှူဒါန်းနိုင်ရေး အလှူငွေများ ထည့်ဝင်လှူဒါန်းသည့် အလှူရှင်များအား မြို့နယ်သာသနာတည်တံ့ပြန့်ပွားရေး အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ ဦးဟန်စိုးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြပြီး မြို့နယ်သံဃာနာယက ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တပါမောက္ခထံမှ လှူဒါန်းမှု အစုစုအတွက် အနုမောဒနာတရား နာယူကာ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


