ပွင့်ဖြူ စက်တင်ဘာ ၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲများ ကျင်းပရာ၌ မဲဆန္ဒရှင်စာရင်းများ တိကျမှန်‌စေရေးအတွက် မြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) အချက်အလက်များကို e-ID စနစ်ဖြင့် Software Program နည်းပညာအသုံးပြု၍ Data Base ရေးသွင်းခြင်းလုပ်ငန်း အောင်မြင်စွာ ဖြည့်သွင်းဆောင်ရွက် ပြီးစီးသွားပြီဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူးထံက သိရသည်။ 

ပွင့်ဖြူမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) အချက်အလက်များကို e-ID စနစ်ဖြင့် Software Program နည်းပညာအသုံးပြု၍ Data Base ရေးသွင်းခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာများ ပူးပေါင်းပြီး ဇူလိုင် ၁၈ ရက်မှစပြီး နေ့စဉ်ရေးသွင်းဆောင်ရွက်ခဲ့ရာ ဩဂုတ် ၂၃ ရက်တွင် တစ်မြို့နယ်လုံး စာရင်းဖြည့်သွင်းရန် လျာထားအိမ်ထောင်စု ၃၆၉၀၀ စုရှိသည့်အနက် အိမ်ထောင်စုပေါင်း ၃၆၉၁၂ စု၊ လူဦးရေ ကျား/မ စုစုပေါင်း ၁၄၈၆၃၇ ဦးအား အောင်မြင်စွာ ဖြည့်သွင်းဆောင်ရွက် ပြီးစီးသွားပြီဖြစ်ကာ လုပ်ငန်းဆောင်ရွက် ပြီးစီးမှုအနေဖြင့် ၁၀၀ ဒသမ ၀၃ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)