ပြင်သစ်လီဂူးဝမ်း ပွဲစဉ်(၁၃)အဖြစ် နိုဝင်ဘာ ၂၃ ရက် နံနက် ၂ နာရီ ၃၅ မိနစ်က ယှဉ်ပြိုင်ကစားခဲ့သည့် ပီအက်စ်ဂျီနှင့် လီဟာဗရီအသင်း ပွဲစဉ်တွင် ပီအက်စ်ဂျီအသင်းက သုံးဂိုးပြတ် အနိုင်ရရှိကာ အမှတ်ပေးဇယားကို နှစ်မှတ်အသာဖြင့် ပြန်လည်ဦးဆောင်နိုင်ခဲ့သည်။  

နိုင်ပွဲပျောက်ဆုံးမှု ရပ်တန့်ရန် ခြေကုန်ထုတ်လာသော လီဟာဗရီအသင်းသည် အရည်အသွေးမြင့် ထိပ်တန်းကစားသမားအများအပြား ပိုင်ဆိုင်ထားသည့်  ပီအက်စ်ဂျီအသင်း၏  ထိုးဖောက်တိုက်စစ်ဆင်ကစားမှုအောက် ပုံစံကောင်းပျောက်ဆုံးပြီး ရှုံးပွဲကြုံတွေ့ခဲ့သည့်အတွက် နိုင်ပွဲနှင့် ဆက်လက် ဝေးကွာခဲ့ရသည်။

ပီအက်စ်ဂျီအသင်းသည် ယခုနိုင်ပွဲကြောင့် လီဂူးဝမ်း ၁၃ ပွဲ ကစားပြီး ကိုးပွဲနိုင်၊  သုံးပွဲသရေနှင့်  တစ်ပွဲရှုံး ရလဒ်ရရှိထားသည်။   ပြိုင်ဘက် လီဟာဗရီအသင်းက  သုံးပွဲနိုင်၊  ငါးပွဲသရေနှင့်  ငါးပွဲရှုံး  ရလဒ်ရရှိထားသည်။

အခြားပွဲစဉ်ရလဒ်များတွင် မားဆေးလ်က နိုက်စ်ကို ငါးဂိုး-တစ်ဂိုး၊ လန်းစ်က စထရာဘော့စ်ကို တစ်ဂိုး-ဂိုးမရှိဖြင့် နိုင်ပွဲရရှိခဲ့သည်။

မိုးဇက် - စုစည်းရေးသားသည်