ပင်းတယ နိုဝင်ဘာ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်တွင် သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းက ပင်းတယမြို့နယ် မိုင်းလီကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပသည်။
ဦးစွာ ပင်းတယမြို့နယ် သစ်တောဦးစီးဌာနမှူး ဦးခန့်မင်းမော်က သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေး ဆိုင်ရာနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့် ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များမေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားပေးကြပြီး ဆွေးနွေးပွဲတွင် ဝင်ရောက်ဆွေးနွေးခဲ့ကြသူများအား အမှတ်တရဆုလက်ဆောင်များ ချီးမြှင့်ကာ သစ်တောဦးစီးဌာနက ပျိုးပင်များ ပေးအပ်သည်။
အဆိုပါ ဟောပြောပွဲသို့ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူများ စုစုပေါင်း ၁၆၆ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)


