တောင်ကြီး ဒီဇင်ဘာ ၈
ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများသည် ပင်းတယမြို့နယ်အတွင်း သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒီဇင်ဘာ ၇ ရက် နံနက်ပိုင်းတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် တမဲကျေးရွာအုပ်စု အင်းပက်လက်ကျေးရွာရှိ စီမံကိန်းသီးနှံ(သက်တန့်ရောင်စီမံကိန်း) စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းသားများ ဆောင်းနေကြာ စိုက်ပျိုးထားရှိမှုကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ရှမ်းပြည်နယ်သမဝါယမဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ပင်းတယမြို့နယ်ရှိ မြို့နယ်သမဝါယမဦးစီး ဌာနဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုမှ အမှုဆောင်များနှင့် တွေ့ဆုံ၍ သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရေး၊ သမဝါယမ ကဏ္ဍက ဆောင်ရွက်လျက်ရှိသည့် ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်သွားကြရန်နှင့် စီမံကိန်းသီးနှံ (သက်တန့်ရောင်စီမံကိန်း) သီးနှံများကို လျာထားချက်အတိုင်း စိုက်ပျိုးဆောင်ရွက်ကြရန်၊ စီမံကိန်းသီးနှံ စိုက်ပျိုးထုတ်လုပ်မှု၊ ရောင်းဝယ်မှု၊ ကြိတ်ခွဲဖြန့်ဖြူးမှု လုပ်ငန်းစဉ်များ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဝိုးတောင်း


