ပြင်ဦးလွင် စက်တင်ဘာ ၂၂
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြင်ဦးလွင်ခရိုင် အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက တန်ဖိုးမြှင့် စားသောက်ကုန် (snack) အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနရုံး ခန်းမဆောင်၌ ကျင်းပသည်။
ဦးစွာ ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇင်မိုးလှိုင်က အမှာစကား ပြောကြားသည်။ အဆိုပါ သင်တန်းကို စက်တင်ဘာ ၂၂ ရက်မှ ၂၆ ရက် အထိ စာတွေ့၊ လက်တွေ့စနစ်တကျ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


