ပြင်ဦးလွင်မြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ ၈၀၁၅ ဦးရှိ

ပြင်ဦးလွင် ၆ မတ်


၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ယနေ့နံနက်ပိုင်းက စတင်ကျင်းပလျက်ရှိရာ ပြင်ဦးလွင်မြို့ရှိ စာစစ်ဌာန (၁၁) ခုတွင် ကျောင်းသား၊ ကျောင်းသူ (၈၀၁၅) ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။


ဝင်ရောက်ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများထဲတွင် ကျောင်းတွင်းဖြေ (၅၀၄၁)ဦးနှင့် ပြင်ပဖြေ (၂၉၇၄) ဦးဖြစ်ပြီး ဘာသာတွဲအလိုက် အတွဲ (၁) ၌ (၄၆၀၁) ဦး၊ အတွဲ (၂) ၌ (၁၃၅) ဦး၊ အတွဲ (၅) ၌ (၁) ဦး၊ အတွဲ (၇) ၌ (၃၂၇၈) ဦးဖြစ်ကြောင်းသိရပြီး အတွဲ(၃)၊ အတွဲ(၄)၊ အတွဲ(၆)နှင့် အတွဲ(၈) တို့တွင် ဝင်ရောက်ဖြေဆိုသူ မရှိကြောင်း သိရသည်။


ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို  ပြင်ဦးလွင်မြို့၌ ဆေးရုံစာစစ်ဌာနတွင် ကျောင်းသား(၁) ဦး၊ ကျောင်းသူ (၂) ဦး စုစုပေါင်း (၃) ဦး ဝင်ရောက်ဖြေဆို၍ ထူးခြားမှုအဖြစ် မျက်မမြင် ကျောင်းသူတစ်ဦးလည်း အ.လ.က (၁)  စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။


သက်နိုင်(ပြင်ဦးလွင်)