ပြင်ဦးလွင် ဒီဇင်ဘာ ၂၃

 

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ပိုမိုအဆင်ပြေစေရန်အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုအထွေထွေပိုလျှံ ရန်ပုံငွေ(GRF)မှ ငွေကျပ် ၃၈ ဒသမ ၉၈ သန်းဖြင့် ဌာနမှတာဝန်ယူ ဆောင်ရွက်လျက်ရှိသော ပြင်ဦးလွင်- ချောင်းကွေ့-ပန်းဦးတောင် ကျေးရွာချင်းဆက်လမ်းနှင့် စည်သာ- စည်ကား- တွင်းငယ် ကျေးရွာချင်းဆက်လမ်း ဂျင်းလမ်းခင်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ပြည်ထောင်စုလမ်း ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေကျပ် ၁၉ ဒသမ ၆၅ သန်းဖြင့် ဆောင်ရွက်လျက်ရှိသော အုတ်ဖို-ပန်းဦးတောင်-ကုန်းကော် ကျေးရွာချင်းဆက်လမ်း ဂျင်းခင်း ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ယမန်နေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန  ညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်ဇေယျာဝင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)