ပြင်ဦးလွင် ဒီဇင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်အတွင်းရှိ တောင်သူများအား မြန်မာ့ လယ်ယာသုံးစက်ကိရိယာစက်ရုံမှ ပထမအကြိမ် ထုတ်လုပ်ပြီးစီးသည့် တိုင်းဒေသကြီးအစိုးရ အစီအစဉ်ဖြင့် လက်ဆွဲမျိုးစေ့ချ ကိရိယာဖြန့်ဖြူးရောင်းချခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြင်ဦးလွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေး
ဦးစွာ မြို့နယ်စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးတင်အောင်လွင်က လယ်ယာလုပ်သား ရှားပါးမှုပြဿနာကို ဖြေရှင်းနိုင်ရေးအတွက် လက်ဆွဲမျိုးစေ့ချ ကိရိယာကို တောင်သူများ တွင်ကျယ်စွာ အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ဖြန့်ဖြူးရောင်းချခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး စက်မှုလယ်ယာဦးစီးဌာနက မြို့နယ်ဦးစီးမှူး ဦးထူးအောင်ကျော်က လက်ဆွဲ မျိုးစေ့ချကိရိယာ၏ အားသာချက်များ၊ အသုံးပြုခြင်းမှ ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းပြခဲ့သည်။ ထို့နောက် ပြင်ဦးလွင်ခရိုင်/မြို့နယ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီမှ ပြင်ဦးလွင် မြို့နယ်အတွင်းရှိ စပါးစိုက်ပျိုးသည့် ကျေးရွာအုပ်စု ၁၇ အုပ်စုကို ရွေးချယ်၍ လက်ဆွဲမျိုးစေ့ချ ကိရိယာ ၂၅ လက်အား တောင်သူများ လက်ဝယ်အရောက် ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


