ပြည် ၁၉ ဖေဖော်ဝါရီ   

 

ပြည်မြို့ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ယနေ့နံနက် ၄ နာရီက ညံရိုးမီးဇော်ပွဲကျင်းပပြုလုပ်ရာ ဒေသခံပြည်သူများနှင့် အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။ 

 

ညံရိုးမီးပူဇော်ရာတွင် ညံရိုးကို ယာယီအုတ်ကန်အတွင်း၌ မီးအဖြစ်ပြုလုပ်ကာ ဗုဒ္ဓမြတ်စွာဘုရားရှင်အား ညံရိုးမီးအနွေးဓာတ်ဖြင့် မီးပူဇော်သည့် ဓလေ့ဖြစ်ကြောင်းနှင့် ယင်းသို့ ညံရိုးမီးပူဇော်ခြင်းဖြင့် ဉာဏ်ပညာ ထက်မြက်စေသည်ဟု ယုံကြည်ကြကြောင်း ဒေသခံများက ပြောသည်။

 

ညံရိုးမီးပူဇော်ပွဲကို မြန်မာနိုင်ငံတွင် ပြည်မြို့တစ်မြို့ထဲတွင်သာ နှစ်စဉ် တပို့တွဲလပြည့်နေ့ နံနက်တိုင်း အစဉ်အလာမပျက် ပြုလုပ်ခဲ့သည့် ထူးခြားသည့် ဓလေ့ဖြစ်ကြောင်း သိရပြီး ညံရိုးပင်သည် ပြည်မြို့နှင့် အနီးတဝိုက် ဒေသများရှိ ရေစပ်ကုန်းမြေများတွင် အများဆုံး ပေါက်ရောက်လေ့ရှိကြောင်း သိရသည်။ 

 

မျိုးကျော်ကြီး(ပြန်/ဆက်)