ပြည်နယ်အဆင့် ဌာနဆိုင်ရာအသင်းနှင့် မွန် ပြည်နယ် လက်ရွေးစင် လူကြီး (Old Star) အသင်း ချစ်ကြည်ရေး ဘောလုံးအားကစားပြိုင်ပွဲ မွန်ပြည်နယ်ဝန်ကြီးချုပ်ကြည့်ရှုအားပေး 

မော်လမြိုင် ဇူလိုင် ၃၁

မွန်ပြည်နယ်အတွင်းရှိ လူငယ် လူရွယ်များ ၊ ကျန်းမာကြံ့ခိုင် စေရေးနှင့် စိတ်ဓါတ်ရေးရာ မြင့်မားစေရေးအတွက် ပြည်နယ်အစိုးရအနေဖြင့် အားကစားနည်းများအလိုက် ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းအပြင် အသက် အရွယ် အလိုက် အားကစားလေ့လာလိုက်စားနိုင်စေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင်လ ၂၉ ရက် ညနေပိုင်းက မော်လမြိုင်မြို့၊ Southern Myanmar ဘောလုံး အားက စားကွင်း၌ ကျင်းပသည့် ပြည်နယ်အဆင့် ဌာန ဆိုင်ရာ ဘောလုံး အသင်း နှင့် မွန်ပြည်နယ် လက်ရွေးစင် လူကြီး (Old Star) ဘောလုံး အသင်း ချစ်ကြည်ရေး ဘောလုံးအားကစားပြိုင်ပွဲအား ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဘောလုံးအားကစားဝါသနာ ရှင်များ ကြည့်ရှုအားပေးခဲ့ သည်။ 

အဆိုပါ (၂) ဘက် ဘောလုံး အသင်းရှိ အားကစားသမား များက ကွင်းအတွင်းသို့ နေရာယူကြ၍ အသင်းလိုက် အားကစားသမားတစ်ဦးချင်းစီ မိတ်ဆက်ပေးခဲ့ကြပြီး ဘောလုံးပြိုင်ပွဲအား စတင်၍ ယှဉ်ပြိုင်ကစားခဲ့ကြသည်။ 

ထို့နောက် ပြည်နယ် ဝန်ကြီး ချုပ်က ပြိုင်ပွဲဝင် အားကစား သမားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားခဲ့ သည်။ မွန်ပြည်နယ်အတွင်း ကျန်းမာသန်စွမ်းပြီး ထူးချွန် ထက်မြက်သော အားကစား သမားကောင်းများစွာ ပေါ် ထွက်လာရေး၊ ပြည်နယ် ဂုဏ် ဆောင်  အားကစားသမားကောင်းများမွေးထုတ်ပေးနိုင်ရေးတို့အတွက် အားကစား ကွင်းများအား အဆင့်မြှင့်တင်ပေးခြင်း၊ အားကစားဥယျာဉ် များ တည်ဆောက်ပေးခြင်း ဖြင့်  အားကစားကဏ္ဍကို ဘက်ပေါင်းစုံမှ အထူးအလေး ပေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်စန်းမြင့် (ခရိုင်ပြန်/ဆက်)